ဒီအကြောင်းလေးကို post တင်ရင်တော့  ယုံကြည်ချင်စရာ ဒီခေတ်မှာ မရှိပေမဲ့  ကိုယ်တွေ့ ဖြစ်ရပ်လေးပါ။ ဒေသခေါ် ပေါ်တာ(အထမ်းသမား) အမျိုးသမီးတယောက် ကျွနုပ်တို့ နှင့် အိမ်အပြန်ခရီး တွင် နတ်ဆိုးဝင်ပူးကာ……..

နတ်ပူသည့်မိန်းကလေးပါးစပ်မှလည်း `ငါ့ကိုလွတ်၊ နင်တို့ ငါရွာလာသွားတယ် ငါမကျေနပ်ဘူး´ ဆိုပြီး အော် လေတော့ သည်။ သူငယ်ချင်း အမျိုးသမီးလေးကတော့  နတ်ပူးသည့် မိန်းကလေး ကို ပါးရိုက်လိုက်၊ လက်ဆိတ်လိုက်နှင့် နတ်ထွက်အောင်ကြိုးစားသော်လည်း အဆင်မပြေသေးချေ။
ကျွန်ုပ်လည်း ဆုံးဖြတ်ချက်ချလိုက်သည်။ ` ဟဲဟဲ နတ်ကြောက်တဲ့  ဘာမီတုံပေါ့´ ဘာမ်ီတုံ 4 လုံး အမှုန့် ကြိတ် တိုက်လိုက်တော့  နတ်ကများ ဘယ်ကထွက်သွားသည်မသိရှာတော့  ည ၁၂ နာရီခန့်  တွင် ကောင်မလေးအတော်ငြိမ်သွားသည်။ အင်း မဆိုးဘူး၊ ဘာမီတုံ အစွမ်းပြလေပြီ။
နတ်မခံနုင်သည်လားတော့  မသိတော့ ပါ။ ကောင်မလေး ကများ အိပ်ပျော်ချင်လာပြီ။ ကျွနုပ် နှင့် သူငယ်ချင်း လည်း တဲး ပြန်အိပ်လေတော့ သည်။
နောက်တနေ့တော့  ကောင်မလေး နေကောင်းနေလေပြီ။ ကဲး ကြည်တော့  ဘာမီတုံအစွမ်း ဘယ်လောက်ကောင်းလဲးဆိုတာပေါ့။ ဘာတဲ့ …….. နတ်ကြောက်တဲ့  ဘာမီတုံဆေးတဲ့ .
ပျော်ရွှင်ပါစေ
kachinblade