Friday 30 July 2010

(Nat shang ai lam) နတ် ဆိုးဝင်ခြင်း


 သူငယ်ချင်းတို့ေ၇...
ဒီအကြောင်းလေးကို post တင်ရင်တော့  ယုံကြည်ချင်စရာ ဒီခေတ်မှာ မရှိပေမဲ့  ကိုယ်တွေ့ ဖြစ်ရပ်လေးပါ။ ဒေသခေါ် ပေါ်တာ(အထမ်းသမား) အမျိုးသမီးတယောက် ကျွနုပ်တို့ နှင့် အိမ်အပြန်ခရီး တွင် နတ်ဆိုးဝင်ပူးကာ……..
 ဆော့လော်မြို့ အလွန် Wusok ရွာတွင် တနေ့တာလုံး ပင်ပန်းသဖြင့်  research data များေ၇းပြီး ညစာစားပြီး အိပ်စက်ချိန် အချိန်ကား ည ၁၁ နာရီ ရောက်ချေပြီ။ ` ဆရာ၊ ဆရာတို့ ´ နဲ့  အလန့် တ ကြားနဲ့  ခေါ်သံထွက်ပေါ်လာပြီ။ နားစွင့် ကြည်းလိုက်တော့  အထမ်းသမားတစ်ဦးလေး၏ အသံမှန်း ချက်ခြင်း ရိပ်မိလိုက်သည်။ တံခါးဖွင့်လိုက်တော့ ` နတ်ဝင်ပူးနေလို့ တဲ့ ´ လော်ဝေါ်ကျေးရွာမှ အထမ်းလိုက်လာသော အမျိုးသမီးလေးတစ်ယောက် လာရာလမ်းအတိုင်း ထွက်ပြေးနေလို့  သူငယ်ချင်း များ တားထားရကြောင်း အလောတကြီး ပြောပြရှာသည်။ အနော်လည်း ကြောက်တာပေါ့ ။ တော့ကကြမ်းတယ်လေ။ ကိုယ်လည်းမရောက်ဖူးတော့  နတ်ကို ဇွတ်မ၀င်လုံးရဲဘူးလေ J J အသာလေးထကာ ခေါင်းရင်းမှ Bible လေးကို ကောက်ကိုင်ကာ အထမ်းသမားလေးများ၇ှိရာတို့  လိုက်သွားလေသည်။
တွေပြီပေါ့ မျက်ဆံပြူးပြူး နှင့်  နီရဲရဲ မျက်လုံးများ ဖြင့် ချုပ်ထားသေားလက်များကို ပါစပ်နှင့် ရမ်းကိုက်နေသဖြင့် ဘေးမှထိန်းထားသော လက်ပိုင်ရှင်ကများ အလန့်တကြား ဖြစ်နေလေပြီ။


နတ်ပူသည့်မိန်းကလေးပါးစပ်မှလည်း `ငါ့ကိုလွတ်၊ နင်တို့ ငါရွာလာသွားတယ် ငါမကျေနပ်ဘူး´ ဆိုပြီး အော် လေတော့ သည်။ သူငယ်ချင်း အမျိုးသမီးလေးကတော့  နတ်ပူးသည့် မိန်းကလေး ကို ပါးရိုက်လိုက်၊ လက်ဆိတ်လိုက်နှင့် နတ်ထွက်အောင်ကြိုးစားသော်လည်း အဆင်မပြေသေးချေ။

ကျွန်ုပ်လည်း ဆုံးဖြတ်ချက်ချလိုက်သည်။ ` ဟဲဟဲ နတ်ကြောက်တဲ့  ဘာမီတုံပေါ့´ ဘာမ်ီတုံ 4 လုံး အမှုန့် ကြိတ် တိုက်လိုက်တော့  နတ်ကများ ဘယ်ကထွက်သွားသည်မသိရှာတော့  ည ၁၂ နာရီခန့်  တွင် ကောင်မလေးအတော်ငြိမ်သွားသည်။ အင်း မဆိုးဘူး၊ ဘာမီတုံ အစွမ်းပြလေပြီ။

နတ်မခံနုင်သည်လားတော့  မသိတော့ ပါ။ ကောင်မလေး ကများ အိပ်ပျော်ချင်လာပြီ။ ကျွနုပ် နှင့် သူငယ်ချင်း လည်း တဲး ပြန်အိပ်လေတော့ သည်။
နောက်တနေ့တော့  ကောင်မလေး နေကောင်းနေလေပြီ။ ကဲး ကြည်တော့  ဘာမီတုံအစွမ်း ဘယ်လောက်ကောင်းလဲးဆိုတာပေါ့။ ဘာတဲ့ …….. နတ်ကြောက်တဲ့  ဘာမီတုံဆေးတဲ့ .

ပျော်ရွှင်ပါစေ
kachinblade
 

Posted by KACHINBLADE Assisted by KACHINBEE